ဥရောပသမဂ္ဂ (EU)၏ GSP/EBA ရုပ်သိမ်းရန် စဉ်းစားသုံးသပ်နေချိန်တွင် ဆက်လက်ထားရှိခြင်းဖြင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးမှုဖြစ်စဉ်အပေါ် အကျိုးပြုနိုင်ကြောင်း တင်ပြဆွေးနွေး

post-by: 
Admin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)၊ ဖိနပ်ချုပ်လုပ်ငန်းရှင်များအစုအဖွဲ့ တို့သည် ယနေ့တွင် ဥရောပသမဂ္ဂ (EU) ၏ Mission အဖွဲ့ခေါင်းဆောင် DG Trade မှ Ms. Helena Koeninq၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး H.E. Mr.Kristian Schmidt တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်စပါး၊ အထည်ချုပ်နှင့် ဖိနပ်ချုပ်လုပ်ငန်းများ အပေါ် EUမှ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး GSP/EBA အစီအစဉ် ရုပ်သိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ နှင့် အခက်အခဲများကိုလည်းကောင်း၊ GSP/EBA အခွင့်အရေး ပေးထားမှု ကြောင့် ဈေးကွက် ပိုမိုရရှိကာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနေမှု အကျိုးကျေးဇူးများကို လည်းကောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးပြုနေသည့် အခြေအနေများကိုလည်းကောင်း အကျယ်တဝင့် ရှင်းပြခဲ့ပြီး၊ မြန်မာနိုင်ငံအပေါ် GSP/ EBA အခွင့်အရေး ဆက်လက်ပေးအပ်ထားရှိရန် တောင်းဆိုခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် တက်ရောက်ခဲ့ပြီး မြန်မာ့ဆန်စပါးဈေးကွက် အခြေအနေကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

Powered by Drupal