News
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၀၁/၂၀၂၀)
၂၀၂၀ခုနှစ်၊ မတ်လ (၁၃)ရက်
ဆန်စပါးဈေးကွက် အခြေအနေ ထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တောင်သူလယ်သမားများနှင့် ဆန်စပါးကဏ္ဍတစ်ရပ်လုံးတွင် ချိတ်ဆက်ဆောင်ရွက်နေသည့် ထုတ်လုပ်ရေး ကဏ္ဍ၊ ကြိတ်ခွဲရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍတို့အား ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများကို ခရိုင်အလိုက် အခြေခံ၍စတင် ဖွဲ့စည်းလျက်ရှိပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် Welthungerhilfe – WHH အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် Rice Seed Sector Development Project အစီအစဉ်အရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အောက်ဖော်ပြပါ စာတမ်း (၂)စောင်အား လေ့လာပြုစုခဲ့ပါသည်။ အဆိုပါ စာတမ်းများအား အောက်ပါ linkများတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်းနှင့် အကြံပြုချက်များ ပေးနိုင်ပါရန် လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ စပါးသီးနှံအတွက် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်းစပါး စျေးနှုန်းအဖြစ် စပါးတင်း(၁၀၀)လျှင် ကျပ်ငွေ(၅)သိန်းနှုန်း သတ်မှတ်ထုတ်ပြန်ကြေညာလိုက်ကြောင်း သတင်းရရှိပါသည်။