လုပ်ငန်းကျွမ်းကျင်သူ Resource Persons များ၊ Guest Speaker များ ပါဝင်ကူညီ အတွေ့အကြုံမျှဝေပေးခြင်း

post-by: 
Admin

လုပ်ငန်းကျွမ်းကျင်သူ Resource Persons များ၊ Guest Speaker များ ပါဝင်ကူညီ အတွေ့အကြုံမျှဝေပေးခြင်း

၁။     သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်မှု နည်းပညာသင်တန်း  Level 1 (Certificate Level) နှင့် Level 2 (Higher Certificate Level) တို့တွင် သင်ရိုးညွှန်းတမ်းအရ သင်ကြားပို့ချမှုများ အပြင် Resource Person များ၊ Guest Speaker များကို ဖိတ်ကြား၍ ဆန်စပါးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်တွင်းပြည်ပ စျေးကွက်အခြေအနေများနှင့် ဗဟုသုတများ၊ အတွေ့အကြုံများ၊ လက်တွေ့ လုပ်ငန်းခွင်၏ စိန်ခေါ်မှုများ၊ အကြံပြုချက်များကို မျှဝေပေးနိုင်ရန် ဆွေးနွေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။     ထို့အတူ (၂၇.၁.၂၀၂၆)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ လည်း Leadership Excellence ခေါင်းစဉ်ဖြင့် သင်တန်းသား/ သူများအား ဟောပြောပို့ချပေးခဲ့ပါသည်။

၃။     အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် ပထမအကြိမ် ဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား/ သူ (၅၅) ဦး ပါဝင် တက်ရောက်နေပြီး၊ စာတွေ့ သင်ခန်းစာများ ပြီးဆုံးတော့မည် ဖြစ်၍ လက်တွေ့ ဆောင်ရွက်မည့် On the Job Training (OJT) ကို ဆန်စက်ကြီးများတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Powered by Drupal