လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေတို့အား နိုင်ငံတော်အစိုးရသို့ တင်ပြအကြံပြု

post-by: 
Admin

၁။       မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဆောင်သော ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် အစိုးရဌာနဆိုင်ရာများအား လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်အခြေအနေ၊ ဝယ်လိုအားတိုးမြှင့်ရန် လိုအပ်မှုအခြေအနေ၊ အခြေခံဈေးနှုန်းစနစ်ကို ထိရောက်စွာဖော်ဆောင်ရန်လိုအပ်သည့် အခြေအနေများ၊ အခြောက်ခံစက်များနှင့် သိုလှောင်ရုံများ တိုးချဲ့တည်ဆောက် ရန်အစီအစဉ်များ၊ ဈေးကွက်အတွင်း ကျဆင်းနေသော ဝယ်လိုအားကို အမြန်ဆုံး ပြန်လည်မြှင့်တင်ပေးနိုင်မည့် အစိုးရ-ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ် တိုးတက် နေချိန်တွင် နွေစပါးပေါ်ချိန်၌ စပါးဈေးကျဆင်းနေမှုကြောင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့်အကျိုးစီးပွား နစ်နာဆုံးရှုံးနေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး၊ အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်နိုင်မှု အစီအမံများအပေါ် နိုင်ငံတော်သမ္မတ ရုံးတွင် (၉.၅.၂၀၁၉) ရက်နေ့၌ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၂။       မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လတ်တလောအခြေအနေတွင် ဆောင်ရွက်ရန်ရှိသောကိစ္စများအား ပုဂ္ဂလိက အစီအစဉ် သက်သက်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များ၊ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ထပ်မံ ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

Powered by Drupal