မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့လာရေးခရီးစဉ်သွားရောက်

post-by: 
Admin

     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်သည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့်အတူ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ (၁၈.၅.၂၀၁၉) ရက်နေ့မှ (၂၃.၅.၂၀၁၉) ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။

     အဆိုပါ ခရီးစဉ်တွင် လေ့လာရေးကိုယ်စားလှယ်အဖွဲ့များသည် ဗီယက်နမ်-မြန်မာ ပူးပေါင်း၍ နှစ်နိုင်ငံ ဆန်စပါး လုပ်ငန်း အသီးသီး ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်နိုင်မှုများ၊ ဈေးကွက်သတင်းအချက်အလက် ဖလှယ်ရေး၊ ခေတ်မီ နည်းပညာများ နည်းစနစ်များ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဗီယက်နမ်ရှိ လယ်ယာသီးနှံ တင်ပို့သည့် ဆိပ်ကမ်း များကို လေ့လာခြင်းတို့အား ပြုလုပ်ခဲ့ကြပါသည်။

 

Powered by Drupal