ဆန်စပါးဈေးကွက် အခြေအနေ ထုတ်ပြန်ချက်

post-by: 
Admin

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၀၁/၂၀၂၀)

၂၀၂၀ခုနှစ်၊ မတ်လ (၁၃)ရက်

ဆန်စပါးဈေးကွက် အခြေအနေ ထုတ်ပြန်ချက်

၁။     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ကမ္ဘာ့နိုင်ငံ အများစုတွင် ဖြစ်ပေါ်နေသည့် Corona Virus (Covid-19) အား  ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့်ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ ကာကွယ်မှုများ နှင့် စားနပ်ရိက္ခာ အသုံးအဆောင်များ ဝယ်ယူစုဆောင်းမှုများကို ပြုလုပ်လျက် ရှိကြောင်း လေ့လာသိရှိရပါသည်။

၂။     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် လတ်တလောအခြေအနေတွင် ပြည်တွင်းဆန်စပါးစျေးကွက် တည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖြစ်သည့် ဆန်စပါး ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ဖြန့်ဖြူးရောင်းချသူများ၊ ကုန်စည်ဒိုင်များ၊ ပြည်ပတင်ပို့သည့် Exporters များနှင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်းလျက်ရှိပြီး ပြည်တွင်းစျေးကွက်အခြေအနေ တည်ငြိမ်စေရန် နှင့် ဖူလုံမှုရှိစေရန် ဦးစားပေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၃။     ကမ္ဘာ့ကပ်ရောဂါ အဖြစ် သတ်မှတ်ထားချိန်တွင် Covid-19 ၏ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေမှုနှင့် ပြည်တွင်း/ ပြည်ပ စျေးကွက်များအပေါ် သက်ရောက်မှုကို အသင်းချုပ်အနေဖြင့် နေ့စဉ် လေ့လာသုံးသပ်ကာ တိုင်းဒေသကြီး/ ပြည်နယ် ဒေသအသီးသီးရှိ ပုဂ္ဂလိက လုပ်ငန်းရှင် ကုန်သည်/ စက်ပိုင်များ၊ အသင်းအဖွဲ့များ နှင့် ညှိနှိုင်းပူးပေါင်း၍ ပြည်တွင်းစျေးကွက် တည်ငြိမ်စေရေး နှင့် ပြည်တွင်းစားဆန် ဖူလုံစေရေးအလို့ငှာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြည်ပ တင်ပို့ရောင်းချမှုကိုလည်း Exporter များနှင့် ညှိနှိုင်းပြီး စနစ်တကျ စီမံ ဆောင်ရွက် သွားနိုင်ရန် အတွက် နိုင်ငံတော်အစိုးရအား တင်ပြအကြံပြု သွားမည်ဖြစ်ပါသည်။

၄။   နိုင်ငံတော်အစိုးရနှင့် အချို့သော အဖွဲ့အစည်းများတွင်လည်း အရန်ဆန် စီစဉ်ထားမှု ရှိပါသည်။ လတ်တလော အခြေအနေတွင် ပြည်တွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်သည်စက်ပိုင်များ၊ ကုမ္ပဏီများ အနေဖြင့်လည်း ပစ္စည်းမှန်၊ စျေးနှုန်းမှန်စွာဖြင့် ရောင်းချ ဖြန့်ဖြူးပေးလျက် ရှိသဖြင့် စိုးရိမ်ပူပန်ရမည့် အခြေအနေ မဟုတ်ပါကြောင်း နှင့် ထူးခြား သော လိုအပ်မှု (သို့မဟုတ်) အခက်အခဲများရှိပါက နောက်ဆက်တွဲပါ အတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း  အသိပေးထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

နောက်ဆက်တွဲ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၀၁/၂၀၂၀)

၂၀၂၀ခုနှစ်၊ မတ်လ (၁၃)ရက်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဖုန်း ၀၁-၂၃၀၁၁၂၈~၂၉၊ ၀၁-၂၁၈၂၆၆~၆၈

အမှတ် (၂၉)၊ အခန်း (၉၀၁-၉၀၃)၊ UMFCCI (၉)လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း

ဖုန်း ၀၉-၅၀၂၉၆၉၂၊ ၀၉-၅၁၂၃၄၁၄

အမှတ် (၁၀၀)၊ ဝါးတန်းလမ်း၊ ကွန်ကရစ်အမြန်လမ်းမကြီးဘေး၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း

ဖုန်း ၀၁-၂၁၆၆၅၈~၅၉

အမှတ် (၂၉)၊ အခန်း (၈၀၄)၊ UMFCCI (၈)လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ဝါးတန်းကုန်စည်ဒိုင်

ဖုန်း ၀၉-၅၀၂၉၆၉၂၊ ၀၉- ၅၁၂၃၄၁၄

အမှတ် (၁၀၀)၊ ဝါးတန်းလမ်း၊ ကွန်ကရစ်အမြန်လမ်းမကြီးဘေး၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

ဘုရင့်နောင်ကုန်စည်ဒိုင်

ဖုန်း ၀၁-၆၈၆၁၄၇

ဋ(၁)၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ အမှတ်(၁)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးကုန်စည်ဒိုင်

ဖုန်း ၀၉-၂၀၃၁၀၄၇

၃၄လမ်းနှင့် ၃၅လမ်းကြား၊ ၈၅လမ်းနှင့် ၈၆လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ရွှေဘိုကုန်စည်ဒိုင်

ဖုန်း ၀၉-၂၀၁၄၈၇၉၊ ၀၉-၂၁၀၀၆၁၂

အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

 

 

Powered by Drupal